
Heavenly Sword and Dragon Slaying Sabre
2019-02-27
romancewuxia
IMDB - 8.2
Cast
Joseph Zeng,
Chen Yu Qi
Review
Heavenly Sword and Dragon Slaying Sabre (2019)ဒီတစ်ခေါက်မှာတော့ သိုင်းကားစစ်စစ်ကိုမှကြိုက်နှစ်သက်ကျတဲ့ Souler လေးတို့အတွက် အခုချိန်ထိလူကြိုက်များပြီးဗားရှင်းအမျိုးမျိုးနဲ့ပြန်လည်ရိုက်ကူးခဲ့တဲ့ “ Heavenly Sword and Dragon Slaying Sabre”ဆိုတဲ့ဂန္တဝင်သိုင်းဇာတ်လမ်းတွဲကြီးရဲ့ ၂၀၁၉ ဗားရှင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ရှင့်။
⚔️ဇာတ်လမ်းအညွှန်း⚔️
ယွမ်မင်းဆက်နှစ်ကုန်ပိုင်းမှာ သိုင်းလောကမှာကောလာဟလတစ်ခုပျံ့နှံခဲ့တဲ့အတွက် သူရဲကောင်းတွေအများကြီးစုဝေးလာခဲ့တယ်။ အဲဒီကောလာဟလအရ “နဂါးနိုင်ဓား”နဲ့ “ကောင်းကင်ဓား”ကိုပိုင်ဆိုင်တဲ့သူဟာသိုင်းလောကတစ်ခုလုံးကိုလွှမ်းမိုးနိုင်တယ်ဆိုတဲ့အတွက်ကြောင့် အဲဒီဓားနှစ်လက်ကိုလုကြရင်း သိုင်းလောကကြီးရဲ့ပဋိပက္ခတွေစတင်လာခဲ့တယ်။
ဝူတန်းဂိုဏ်းက Zhang Cui Shan နဲ့ ထျန်းယင်းဂိုဏ်းက Yin Su Su ဟာ နဂါးနိုင်ဓားကြောင့်တွေ့ဆုံကြရင်းချစ်ကျွမ်းဝင်ခဲ့ကြပေမဲ့ အဲဒီဓားကြောင့်ပဲ ဂိုဏ်းအသီးသီးကလူတွေရဲ့ဖိအားပေးမှုကြောင့် သူတို့နှစ်ယောက်လုံးကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခဲ့ကြတယ်။
သူတို့နှစ်ယောက်ရဲ့သားဖြစ်တဲ့ Zhang Wu Ji ဟာငယ်ငယ်တုန်းကပြန်ပေးဆွဲခံရရင်း ရွှမ်မင်နတ်လက်ဝါးသိုင်းကြောင့်အအေးဆိပ်မိပြီးအသက်အန္တရာယ်စိုးရိမ်ခဲ့ရပေမဲ့ အခက်အခဲတွေကြားကနေဆေးပညာကိုလေ့လာခဲ့တယ်။
Zhang Wu Ji ဟာ သူ့ဘဝမှာဘယ်လိုလူတွေနဲ့တွေ့ဆုံပြီးတော့ သူ့ရဲ့သိုင်းလောကခရီးကိုဘယ်လိုလျှောက်လှမ်းသွားမလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးနော်
(ဒီဇာတ်လမ်းလေးအညွှန်းကိုရေးသားသူကတော့ Cherry Shoon 🍒ဖြစ်ပါတယ်ရှင့်)
Native Title: 倚天屠龙记
Also Known As: Yi Tian Tu Long Ji , Heavenly Sword and Dragon Saber , The Heaven Sword and Dragon Saber , The Sword and the Knife , Relying on Heaven to Slaughter Dragons
Cast : Joseph Zeng, Chen Yu Qi, Zhu Xu Dan, Lin Yu Shen
Genres: Romance, Wuxia
Country: China
Type: Drama
Episodes: 50
Original Network: Tencent Video
Duration: 45 min.
#HeavenlySwordandDragonSlayingSabre
#倚天屠龙记
#SoulKingdom
